လွိုင်လင်မြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ( ၂၅ ) ခုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက အဆိုပါဆေးရုံသစ်ရှေ့တွင် ကျင်းပပါသည်။

စလင်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းများ၏ သင်တန်းဖွင့်ပွဲကို မတ်လ (၂၀) ရက် နံနက် ၉ နာရီက စလင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစားခန်းမဆောင်အတွင်း၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ် စက်သုံးဆီအရောင်းဆိုင်များ၌ မီးလောင်မှု/မီးလန့်မှု မဖြစ်ပွားစေရေး စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြုံ‌တွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံး တုံ့ပြန်ရှင်းလင်းနိုင်‌စေရန်နှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီက စက်သုံးဆီ အရောင်းဆိုင်များ ဆီထည့်စဉ် မီးလောင်မှု/မီးလန့်မှု မဖြစ်ပွားစေရေး စစ်ဆေးသည်။

မြစ်သားမြို့နယ်၌ ယခုနှစ်နွေစပါးစိုက်ပျိုးရာသီတွင် ဧက ၂၀၁၁၀ လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ရေရရှိရေးနည်းလမ်းများအလိုက် နွေသီးနှံ မျိုးစုံစိုက်ပျိုးလျှက်ရှိရာ ဒေသတွင်းဝမ်းစာဖူလုံရေး အတွက် နွေစပါးမျိုးကွဲများဖြစ်သည့် မနောသုခ၊ GW-11၊ ရွှေမနော်၊ ထိုင်းနှံကောက်၊ အောင်နိုင်တိုးစသည့် စပါးမျိုးများကို ဧက ၂၀၁၁၀ လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

တောင်ငူမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၃) (၃/၂၀၂၆)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ချီးမြှင့်ငွေပေးအပ်

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃) (၃/၂၀၂၆) သို့တက်ရောက်ရန်  မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား မတ် ၂၁ ရက် နံနက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသွားရောက်တွေ့ဆုံအားပေးသည်။

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေသည့် ရှေးဟောင်းအဆောက်အအုံများ နှင့်ရှေးဟောင်းအုတ်တံတိုင်းများ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းနေမှုများ ကွင်းဆင်းစစ် ဆေးခြင်းကို မတ် ၂၁ ရက် နံနက် ၈ နာရီက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဋ္ဌ  ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

သီပေါမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် မတ်လ ၂၀ ရက်နေ့ မွန်းလွှဲ(၁)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်)ကြီး၏ မဟာနာယကဆရာတော်ကြီးအဘိဓဇမဟာရဋ္ဌဂုရု ဂုဏဝိသိဌပူဇနိယမင်္ဂလာနှင့် သက်တော်(၈၁)နှစ် ဝိဇာမင်္ဂလာပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်) ဆရာတော်ကြီးအား အဘိဓဇမဟာရဋ္ဌဂုရုဂုဏဝိသိဌပူဇနိယမင်္ဂလာနှင့် သက်တော်(၈၁)နှစ် ဝိဇာမင်္ဂလာပွဲကို မတ် ၂၀ရက် နံနက် ၉နာရီက ကျင်းပသည်။

ဟိုပုံးမြို့နယ်၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာတွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၉နာရီ အချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမ၌ ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ တက်ရောက်သည်။
Subscribe to