ခမောက်ကြီးမြို့၌ ကျောင်းသား/ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေး စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်  ခမောက်ကြီးမြို့ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်စွမ်းရည်မြင့်မားရေး စာဖတ်ဝိုင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၁၀နာရီက ပြုလုပ်သည်။

သန်လျင်မြို့ မြို့ဟောင်းအရှေ့ မူလွန်ကျောင်း၌ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်က မြို့ဟောင်းအရှေ့အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်၌ စားအုန်းဆီများ ရောင်းချ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ ပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာ အထောက်အပံ့ရှိစေရေး ဇန်နဝါရီ ၂၇ ရက်က ကျေးရွာသုံးရွာနှင့် ရပ်ကွက်တစ်ခုတွင် ပြည်သူများအားဆီဝယ်ယူခွင့်စာအုပ်တစ်အုပ်လျှင် စားသုံးဆီနှစ်ပိဿာနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးကြောင်းသိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) သို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မိမိတို့ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာဆန္ဒမဲပေးရွေးချယ်

အများယုံကြည်ထောက်ခံသည့် ရွေးကောက်ပွဲမှသည် ''ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့" ဆောင်ပုဒ်နှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ မဲရုံ (၁၀၃) ရုံ၌ မဲဆန္ဒရှင်ပြည်သူများ မိမိတို့ကြိုက်နှစ်သက်ရာကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာရွေးချယ်လျက် ဆန္ဒမဲပေးကြသည်။

မန္တလေးတိုင်းဒေသကြီးအဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေး လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီးအဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  မန္တလေး မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

သင်္ဃန်းကျွန်းခရိုင်တွင် ဆီစားများခြင်းနှင့် ကျန်းမာရေးအန္တရာယ်အသိပညာပေး Talk Show ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စိုးယုလှိုင်နှင့် စာရေးဆရာမ ပေါက်ပေါက်တို့က ဆီစားများခြင်းနှင့် ကျန်းမာရေးအန္တရာယ်အသိပညာပေး Talk Show အား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်အတွင်း သွားလာနေကြသော မော်တော်ယာဉ်မောင်းနှင်းနေသူများ ယာဉ်အန္တရယ်ကင်းရှင်းစေရေးယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များအား ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက သုဓမ္မာလမ်းမပေါ်၊ ကန်သာယာမှတ်တိုင်ရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။

ခရမ်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စားအုန်းဆီများ ဖြန့်ဖြူးရောင်းချ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား အငြိမ်းစားများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စာအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချခြင်းကို ယမန်နေ့ နံနက် (၇) နာရီမှ စတင်၍ မြို့နယ်သကျမာရဇိန်သွန်းဘုရားကြီးဝန်းအတွင်း ရောင်းချပေးခဲ့‌ကြောင်း သိရသည်။
Subscribe to