ရေကြည် ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ရောင်စဉ်အားမာန် ပရဟိတအဖွဲ့မှ Triangle Women အဖွဲ့၏ ပံ့ပိုးမှုဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး လက်ကမ်း စာစောင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်တွင် အမျိုးသမီး များ နှင့် ဥပဒေရေးရာ၊ လိုက်နာရမည့် ကျင့်ထုံးနှင့် လုပ်ထုံးလုပ်နည်း၊ ဇနီးများနှင့် သားသမီးများအား စရိတ်ထောက်ပံ့ခြင်းနှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မများအကြောင်းကို ပြည်သူများ သိရှိစေရန်အတွက် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)