ကျောင်းကုန်း ဒီဇင်ဘာ ၁၀
၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်အတွင်း ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် မြစ်/သဲ ထုတ်လုပ်ခြင်း လုပ်ငန်းအား ယမန်နေ့ညနေ ၄ နာရီအချိန်ခန့်က Task Force အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ်တွင် ခွင့်ပြုချက်မရမီ ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ခြင်း၊ ယခင်ဘဏ္ဏာနှစ် ခွင့်ပြုလိုင်စင် သက်တမ်းကုန်ဆုံးသော်လည်း မြေပြင်တွင် ဆက်လက်လုပ်ကိုင်နေခြင်း၊ လိုင်စင် လျှောက်ထားခြင်း မရှိပဲ တရားမဝင် လုပ်ကိုင်နေခြင်းမရှိစေရေး၊ လုပ်ငန်းလိုင်စင်များ အချိန်မီ လျှောက်ထားရေးအတွက် Task Force အဖွဲ့ဖြင့် တစ်လလျှင်(၂)ကြိမ် ကွင်းဆင်း စစ်ဆေးသွားမည် ဖြစ် ကြောင်း သိရသည်။
အဆိုပါအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးကျော်စွာလင်း၊ ထွေ/အုပ် ဒုတိယဦးစီးမှူး ဦးရဲနောင်လင်းတို့က မြစ်/သဲလုပ်ငန်းရှင် ဦးခင်ဝင်းနှင့် ဦးကြည်လွင် တို့၏လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)