ကျိုက်ထို ဒီဇင်ဘာ ၁၀
ကျိုက်ထိုမြို့နယ်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ COVID-19 ရောဂါကာကွယ်ရေးလုပ် ငန်းများ တွင် အသုံးပြုသည့်ပစ္စည်းများအား မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ကော်မတီသို့ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်(၁၀)နာရီခွဲတွင် ကျိုက်ထိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပေးအပ်ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်နှင့် အမျိုး သား လွှတ်တော်ကိုယ်စားလှယ်ဦးလှမြင့်သန်း တို့ကပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ အမှာ စကားများ အသီးသီးပြောကြားကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်က ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တို့က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသော PPE ဝတ်စုံ(၃၀)ထည်၊ SurgicalGown (၁၀၀)ထည်၊ Surgical Mask( ၂၀၀၀)ခု၊ Face Shield (၃၀၀)ခု၊ ရေမလိုလက်သန့်ဆေးရည်(၅၀၀)မီလီပါ-(၂၀)ဗူး၊ လက်အိတ်(၁၀၀)ခုပါ-(၁၀)ဗူး၊ Plastic Apron (၁၀၀)ခုပါ- (၅)ထုပ်၊ ခေါင်းစွပ်(၁၀၀)ခုပါ-(၅)ဗူး၊ သံပုရာပိုးသတ်ဆေး(၁၈) လီတာပါ-(၂)ပုံး၊ ကလိုရင်းပိုးသတ်ဆေး(၁၈)လီတာပါ-(၅)ပုံး၊ စုစုပေါင်းတန်ဖိုးငွေ (၇၁၉၀၄၆) ကျပ်ခန့်အား မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ အဆိုပါပေးအပ်လှူဒါန်းပွဲသို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်ဆောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှမြင့်သန်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးစိုးဝင်း၊ မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် ကော်မတီဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
ဝင်းမောင်(ကျိုက်ထို)