တောင်ကြီး ဒီဇင်ဘာ ၁၀
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် ၊ နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဒီဇင်ဘာ ၈ ရက် နက်ပိုင်းက တောင်ကြီးမြို့ရှိ မြို့မစျေးနှင့် အမှတ်(၅)စျေးအတွင်းရှိ ဈေး ဆိုင်များ ဝါးပြားလမ်းဆုံနှင့် ၊ လူအသွားအလာ များသည့် နေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ် တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေး ဥပဒေ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေ ကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန် ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသား အောင်ပွဲနေ့ သမိုင်း အကြောင်း၊ မြင်းမူမောင်နိုင်မိုး၏ အမျိုးသားအောင်ပွဲနေ့ သန္နိဌာန်ကဗျာနှင့် ကာတွန်းစသည့် ဗဟုသုတ ရစေမည့် အကြောင်းအရာများ ပါဝင်ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် စောင်ရေ (၁၀၀၀၀၀) ကို ထုတ်ဝေ၍ နိုင်ငံတစ်ဝန်း၌ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)