ထားဝယ် ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်စျေး များတွင် စုံမစနစ်ဖြင့်ရောင်းချနေ ကြောင်းသိရပြီး ယနေ့နံနက်ပိုင်းတွင် စည်ပင် သာယာရေး အဖွဲ့ဝန်ထမ်းများက စျေးများ၌ ကိုဗစ် - ၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။
စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက စျေးရောင်းသူ/စျေးဝယ်သားများအား စျေးရောင်း သည့်အခါတိုင်း Mask တပ်ကြပါ၊ ရေနှင့်ဆပ်ပြာဖြင့် လက်ကိုမကြာခဏဆေးပါ၊ တစ်ဦး နှင့် တစ်ဦး ၆ ပေအကွာ တွင်နေထိုင်ပါ ၊ Mask မတပ်လျှင်စျေးအပြင်ထွက်ပေးကြပါ စသည့်အသိပညာပေး လုပ်ငန်းများကိုစျေးအတွင်း လှည့်လည်၍ အသိပညာပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကူးစက် ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်း အတွက် အသံသွင်း ထားသည့် အသံချဲ့စက် များဖြင့်စျေးသူ/စျေးသားများ လိုက်နာရမည့်အချက်များကိုလည်း လိုက်လံ အသိပေးနှိုးဆော် လျက်ရှိသည်။
အဆိုပါစည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ က စျေးများတွင် နေ့စဉ် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ် နိုင်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆက် လက်ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း သိရှိရသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)