တံတားဦး ဒီဇင်ဘာ ၁၀
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန်နှင့် လူနာစောင့်များ အသုံးပြုရန်အတွက် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့မွန်းလွဲ (၁)နာရီက ငွေကျပ်သိန်း(၃၀)ခန့် တန်ဖိုးရှိ Medical PPE ဝတ်စုံ (၁၅၀)စုံ ကို High Way Rest Camp-TadaU မှလာရောက် လှူဒါန်းကြောင်းသိရသည် ။
အဆိုပါလှူဒါန်းပွဲသို့တံတားဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ ဦးလှဝင်းအောင်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်ဦးတို့ တက်ရောက်ကြကြောင်းနှင့် လှူဒါန်းပွဲတွင် High Way Rest Camp-TadaU မန်နေဂျာမှ တံတားဦးမြို့ ပြည်သူ့ဆေးရုံသို့ ငွေကျပ်သိန်း (၃၀)ခန့် တန်ဖိုးရှိ Medical PPE ဝတ်စုံ(၁၅၀)စုံကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး မြို့နယ်ဆရာဝန်ကြီး မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည် ။
ရဲတင့်