ဘုတ်ပြင်းမြို့၌ ကျန်းမာရေးစစ်ဆေးမှု(A)အဆင့်ရှိသော စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချရေး ကွင်းဆင်း စစ်ဆေး

ဘုတ်ပြင်း   ဒီဇင်ဘာ  ၁၁  

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပြန်လည်ရောင်းချနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးကော်မတီမှ တာဝန်ရှိသူများက ယနေ့နံနက်၁၀နာရီက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် လက်ဆေးကန်၊ရေစင်နှင့် လက်ဆေးဆပ်ပြာများ၊ Mask နှင့် FaceShiel များ ထားရှိခြင်း အပူချိန်တိုင်းကရိယာအသုံးပြုခြင်း ၊ စားပွဲကုလာထိုင်များအား အကာအကွယ်များထားရှိမှုနှင့် စားသောက်ရာတွင် တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာဖြစ်စေရေးအတွက် ခင်းကျင်းပြင်ဆင်ထားရှိမှု ကျန်းမာရေး အသိပညာပေးစာစောင်များထားရှိမှု၊ ဆိုင်ထိုင်စားသုံးသူများ၊ ရောင်းချသူများ လိုက်နာ ဆောင်ရွက်ရန်အချက်အလက်များကို စစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရှိရပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် လမ်းညွှန်ထားသည့် အချက်များနှင့်ကိုက်ညီသည့်ဆိုင်များကို ပြန်လည်ဖွင့်လှစ်  ခွင့်ပေးခဲ့ကြောင်းသိရှိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်လမ်းညွှန်ထားသည့် စည်းကမ်းချက်များနှင့် ညီညွှတ်မှု မရှိသည့်ဆိုင်များကိုလည်း လိုအပ်သည်များထပ်မံပြင်ဆင်ဆောင်ရွက်သွားရန် နှင့်ဖြည့်ဆည်း ဆောင်ရွက်ပြီးစီးသွားပါက ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးစစ်ဆေးမှု(A)အဆင့် ရှိသောစားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်(၅)ဆိုင်ရှိကြောင်း မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ထံမှသိရသည်။

သန်းထွန်းဦး( ပြန်/ဆက်)