စုကလိမြို့တွင်ဆောင်းသီးနှံ အစေ့ထုတ်ပြောင်းများ ဖြစ်ထွန်းအောင်မြင်

စုကလိ      ဒီဇင်ဘာ   ၁၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ မိပါးကျေးရွာအုပ်စုရှိ သေ့ဘော့ဘိုးကျေးရွာနှင့် ဘလက်ဒိုကျေးရွာရှိ ဒေသခံတောင်သူများအနေဖြင့် အဆင့်မြင့်ရေပေးဝေရေး စနစ်အသုံးပြု၍ ဆောင်းသီးနှံဖြစ် သည့် အစေ့ထုတ်ပြောင်းများစိုက်ပျိုးရာ ဧက (၈၀)ကျော် အောင်မြင်ဖြစ် ထွန်းလျက်ရှိသည်။

ထိုသို့ ဆောင်းသီးနှံဖြစ်သည့်အစေ့ထုတ်ပြောင်းများအား စျေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် စျေးကောင်းရရှိစေရေးနှင့် မျိုးသန့်မျိုးမှန် ရရှိစေရေးအတွက် အဆင့်မြင့်ရေပေး ဝေရေးစနစ် အသုံးပြု၍စိုက်ပျိုးထားပြီး စိုက်ပျိုးရေးဦးစီးဌာနမှလည်း စိုက်ခင်းအတွင်း ပိုးမွှားများမကျရောက် စေရေးအတွက် ကွင်းဆင်းစစ်ဆေးပေးခဲ့ပြီး တစ်ဧကလျှင် တင်း(၈၀)နှင့်အထက် ထွက်နှုန်း တိုးတက်စေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စုကလိမြို့ စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

ပိုပိုအောင်