ရေကြည်ပန်းဥယျာဉ် သာယာလှပရေး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရေကြည်   ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ယနေ့နံနက် (၇) နာရီအချိန်က ရေကြည်ပန်းဥယျာဉ်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၁၀၀) ဦးခန့် ပူးပေါင်း၍ ပန်းခြံအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင် ရှင်းလင်းခဲ့ကြောင်း သိရသည်။

အောင်သူဟန်  (ပြန်/ဆက်)