မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၁
မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၃၉ဝ)ဦးရှိပြီး ကုတင် ၁ဝဝ ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတွင် ကုသဆဲလူနာ(၈ဝ)ဦးနှင့် ကျန်းမာရေးကောင်းမွန်စွာ ဆေးရုံဆင်းသူ (၃၀၉)ဦးရှိပြီး ကိုဗစ်အတည်ပြုလူနာတစ်ဦး ရှိသည်။
မြို့နယ်၌ ပိုးတွေ့လူနာများပြားနေသည့်အချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် မြို့မိ၊မြို့ဖများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ ကာကွယ်တားဆီးရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့်အတူ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်၌ကုသဆဲပိုးတွေ့လူနာများ၊ Facility Quarantine ဝင်ရောက်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးတွင် လိုအပ်သည်များ အသုံးပြုရန်အတွက် မော်လမြိုင်ကျွန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ရပ်ကွက်ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲ များမှ ယနေ့ နံနက် ၁ဝ နာရီအချိန်က အလှူငွေ -၁၂၆ဝ,ဝဝဝ ကျပ်လှူဒါန်းသည်။
မြို့နယ်အတွင်းရှိစေတနာရှင်များမှလည်း နေ့စဉ်ရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများအား ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များထံသို့ လှူဒါန်း လျက်ရှိ ပါကြောင်းသိရှိရသည်။
သီတာအောင်(ပြန်ဆက်)