မကွေးတိုင်းဒေသကြီး သရက်မြို့မစည်ပင်သာယာဈေး၌ ဆန်တန်းရုံ (Steel Structure)အဆောက်အဦလွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (Steel Structure) ဆန်တန်းရုံ အဆောက်အဦ (၂) ရုံ လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မြို့မစည်ပင်သာယာဈေးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း၍ (၁၃)ဦး ဆေးရုံဆင်းခွင့်ရ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၍ ဆေးကုသမှုခံယူ နေသူများ အနက်မှ ၁၃ ဦးအား ယနေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ် မီးသတ်တပ်ဖွဲ့မှလိုက်လံစစ်ဆေး

မွန်ပြည်နယ်မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်စေရန်ယနေ့နံနက်(၁၀)နာရီခန့်ကမြို့မ(၄)ရပ်ကွက်ရွှေဟင်္သာစျေး၌ လိုက်လံ စစ်ဆေး ခဲ့ သည်။

လမ်းမတော်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးများအား ပုံမှန် ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များ အားပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။

​မြေပြို​ဘေးအ​န္တရာယ်ဆိုင်ရာ အသိပညာ​ပေး “Talk Show” ပြုလုပ်

ကယားပြည်နယ်၊​​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူး​ပေါင်း၍ ​​မြေပြို​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ​ပေး Talk Show ကို ယ​​​နေ့ နံနက်(၁၀)နာရီက ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြု ဗဟိုဌာနCommunity Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ ရုံးပတီသီးနှံ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ရာ ဈေးကောင်း ရရှိ၍ တောင်သူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စုအတွင်းရှိ မုန်းချောင်းအနီးကျေးရွာများမှ ဒေသခံတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို စနစ်တကျသုံးစွဲ၍ ရုံးပတီသီးနှံ စိုက်ပျိုးရေးလုပ်ငန်းအား စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရကာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ရုံးပတီသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ဈေးကောင်းရရှိ၍ လုပ်ငန်းအဆင်ပြေနေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ကုန်းကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင် စပ်မျိုးနေကြာ ( SURYAKIRAN )အားစမ်းသပ် စိုက်ပျိုး ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာ မဲဇာနည်းပညာပြန့်ပွားရေး စင်တာနယ်မြေအတွင်းရှိ တောင်သူ ဦးဝင်းမောင်၏ လယ်မြေ ( ၁ ) ဧကတွင် စပ်မျိုးနေကြာ ( SURYAKIRAN ) အား စမ်းသပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ဖွင့်လှစ်ထားသည့် Quarantine Center များအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Quarantine Center များ ဖြစ်သည့် ဟိတကာရီခန်းမ၊ ဓမ္မဝိဟာရ ဓမ္မာရုံ၊ နမ့်ခုံးခန်းမနှင့် အ-မ-က(လွိုင်ချို)တို့တွင် Facility Quarantine ဝင်ရောက်နေသည့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ သွားရောက် လှူဒါန်းခြင်းအား ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်အတွင်းရှိ lock down ကျခံနေရသော မိသားစုများအတွက် we love sanchaung နှင့်စေတနာရှင်များမှ အခြေခံစားသောက်ကုန်များလှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်စဉ်ကာလအတွင်း ပြည်သူများစားဝတ်နေရေး အစဉ်ပြေစေရေးအတွက် We Love Sanchaung ပရဟိတအဖွဲ့နှင့် အလှူရှင်များ ပူးပေါင်း၍ lock down ကျခံနေရသော ရပ်ကွက်( ၃)ရပ်ကွက်ရှိ အိမ်ထောင်စု(၇)စု အတွက် အခြေခံစားသောက်ကုန်များကို ယနေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။
Subscribe to