မြစ်သားမြို့တွင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ(TalkShow)ဆောင်ရွက်

မြစ်သား   ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက်()နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲ(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက လူသားတိုင်း မိမိတို့၏ ဘဝတွင် လူကုန်ကူးမှုမခံရစေရန်၊ မိမိကိုယ်ကို ကာကွယ်တတ်ရန်နှင့် လူကုန်ကူးခံရပါကလည်း မိမိ၏လူမှုဝန်းကျင်တွင် ပုံမှန်ပြန်လည်နေထိုင်နိုင်ရန်အတွက် လိုအပ်သောသတင်း အချက်အလက်များရရှိရန် ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲများဆောင်ရွက်ရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့ပြီးမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ဒုရဲအုပ် နှင်းနုဝင်းက လူကုန်ကူးမှုနှင့်ပတ်သတ်သည့်အကြောင်းအချက်များ၊ လူကုန်ကူးမှု အခြေအနေနှင့် အမျိုးအစားများ၊ လူကုန်ကူးခံရခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေမှပြစ်မှု၊ ပြစ်ဒဏ်များ စသည့်အချက်များကို အသိပညာပေး ဆွေးနွေး ခဲ့ကြောင်းသိရှိရသည်။

           

မြမြမွန်(ပြန်/ဆက်)