ပုံပါကျင်မြို့တွင် စည်ပင်သာယာရေးဌာနမှ အရိပ်ရအပင်များနှင့် အလှပန်းပင်များ ပျိုးထောင်၍ အခမဲ့ဖြန့်ဝေ

ပုံပါကျင်    ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ စည်ပင်သာရေးဌာန၊ ပျိုးဉယျာဉ်တွင် အရိပ်ရပင်နှင့် အလှပန်းပင်များ ပျိုးထောင်ထားရှိပြီး ဒေသခံ ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ စည်ပင်သာယာရေးဌာနအနေနဲ့ အရိပ်ရအပင်တွေနဲ့ အလှပန်းပင်တွေ ပျိုးထောင်ထားပြီး မြို့တွင်းလမ်းဘေးဝဲယာ တစ်လျှောက်မှာ မြို့သာယာလှပရေးအတွက် အသစ်စိုက်ပျိုးခြင်းနဲ့ ပြန်လည်ဖြည့်ပြီး စိုက်ပျိုးတာတွေ လုပ်ဆောင်ပါတယ်၊ ပုံပါကျင်မြို့မှာ တပ်ရင်းတပ်ဖွဲ့များ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဌာနဆိုင်ရာရုံးတွေက အများအားဖြင့် လာယူကြပြီး ဒေသခံပြည်သူတွေထဲကလည်း လာယူကြရာမှာ ကျွန်တော်တို့ဌာနအနေနဲ့ အခမဲ့ဖြန့်ဝေပေးနေပါတယ်” ဟု ပုံပါကျင်မြို့ စည်ပင်သာယာရေးဌာနမှ တာဝန်ခံ ဦးချစ်ကိုကိုအောင်က ပြောသည်။

ပုံပါကျင်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံးတွင် စိန်းပန်းပင် (၃၀၀)ပင်၊ နွယ်သာကီပန်းပင်(၄၀၀)ပင်၊ ဗိုလ်ကတော် မျက်ခုံးပင် (၁၈၀၀)၊ စက္ကူပန်း (၄၀၀) ပင်နှင့် အခြားပန်းများကို ပျိုးထောင်ထားပြီး ပုံပါကျင်မြို့အတွင်း အခမဲ့ဖြန့်ဝေပေးလျက် ရှိသည်။

စန္ဒီ(ပြန်/ဆက်)