ပလောက်မြို့ မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ပလောက်မြို့ မီးသတဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ပလောက်မြို့အတွင်းရှိ ရပ်ကွက်များတွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ဆေးခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့သည်။