ရသေ့တောင် ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးဦးထွန်းရွှေက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တိုင်းရင်းသား ကိုယ်စားလှယ်များက ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပင်လုံမြို့တွင် လက်မှတ်ရေး ထိုးချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်အား အစွဲပြု၍ ဖြစ်ပေါ်လာသည့် ပြည်ထောင်စုနေ့အား အမြဲတမ်းတန်ဖိုးထားတတ်စေရန် ရည်ရွယ်ပြီး ကျင်းပရခြင်း ဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် စာစီစာကုံးပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အထက်တန်းအဆင့် '' ငြိမ်းချမ်းသာယာ အေးချမ်းဖို့ ပြည်ထောင်စုစိတ်ဓာတ်မွေးကြစို့ ‘’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် ‘’ နိုင်ငံတော်တည်တံ့ခိုင်မြဲအောင် မျိုးချစ်စိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင် ‘’ ခေါင်းစဉ်ဖြင့် လည်းကောင်း အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၅)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အောင်စံထွန်း(ပြန်/ဆက်)