မအီမြို့၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်များ ခင်းကျင်းပြသ

မအီ  ဇန်နဝါရီ   ၂၈

ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်များ ခင်းကျင်း ပြသရာတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေမည့် သုတရသစာအုပ် များ၊ မဂ္ဂဇင်း ရုပ်ပြစာအုပ်များနှင့် သတင်းစာဂျာနယ်များအား ခင်းကျင်းပြသခဲ့သည်။

အဆိုပါ စာအုပ်စာစောင်များခင်းကျင်းပြသထားရှိမှုအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလာရောက်လေ့လာဖတ်ရှုကြပြီး လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

သိန်းထွန်းအောင်(ပြန်/ဆက်)