ထားဝယ် ဇန်နဝါရီ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ်တွင် ဘုတ်ပြင်း မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၃၉၅.၀၆၀ သန်း ဖြင့် ဆောင်ရွက် လျက်ရှိသည့် ဟန်ကပြု-ရွာဟေ့လူ ကျေးရွာချင်းဆက်လမ်း ၃၄/၀ မိုင်အနက် မြေလမ်း ၇/၀ မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ်ရှိ ၅' Box Culvert ၁၈ စင်း တည်ဆောက်ခြင်းလုပ်ငန်းသည် ၅၀% ဆောင်ရွက်ပြီးစီးနေကြောင်းသိရသည်။
အဆိုပါ လမ်းပိုင်း၏ ဆောင်ရွက်နေမှုများကိုတနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ထားဝယ်)မှ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်နှင့်အဖွဲ့က ဇန်နဝါရီ ၂၆ ရက်နေ့တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆးပြီး လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေး စံချိန် စံညွှန်းပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအတွက် အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
ရွှေပင်လယ်(ထားဝယ်)