ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုစာရင်းများ မရှိသေးသူများအား ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေး

ဒေါပုံ ဇန်နဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်အထက် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စု လူဦးရေစာရင်းတို့ကို အခမဲ့ဝန်ဆောင်ပေးခြင်းကို ရပ်ကွက်များအတွင်းရှိ ပြည်သူများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ကြည်စုရပ်ကွက်သို့ ဒုလဝကမှုး ဒေါ်အေးအေးခိုင်နှင့် ဝန်ထမ်း(၃)ဦးသည် ပန်းခင်း စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများ ယခင်ဆောင်ရွက်ထားပြီးသော နိုင်ငံသား စိစစ်ရေးကတ်ပြားအသစ်များကို ပေးအပ်ခြင်း၊ အိမ်ထောင်စုစာရင်းမရှိသူများအား အသစ်ပြုလုပ်ပေးခြင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား မြေပြင်တွင် တိုက်ဆိုင်၍ ရှိ/မရှိ စစ်ဆေးခဲ့ပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား သက်ဆိုင်ရာရုံးနှင့် ညှိနှိုင်း၍ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)