မာန်အောင်မြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂-ခုနှစ် ၊ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စျေးတန်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရန်ကင်းမြို့နယ်၌ အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေး နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်တွင် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Page များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူ ခံရနိုင်သဖြင့် အများပြည်သူသိရှိနိုင်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်းရှိရပ်ကွက်များ အတွင်း လှည့်လည် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအုပ်စုအတွင်း Biomass နှင့် Solar နည်းပညာဖြင့်(၁၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်

Southern Coastline Group Co;Ltd မှ ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအု်ပ်စုအတွင်း Biomass နှင့် Solar နည်းပညာဖြင့်(၁၀)မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြစ်ကြောင်းအတွင်း သဲသောင် တူးဖော်ခြင်းစီမံကိန်းနှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် ကွင်းဆင်းစီစစ်ရေးနှင့် စာချုပ်(မူကြမ်း)များစိစစ်ရေးကော်မတီသို့ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထန်းတပင်၌ ဒေသန္တရအမိန့်အားအများ ပြည်သူများသိရှိစေရေးအသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် ဒေသန္တရအမိန့်အမှတ် (၂/၂၀၂၂)ကို အများပြည်သူများ သိရှိစေရေးအတွက် ဇန်နဝါရီလ(၂၇)ရက်နေ့၊ ညပိုင်းက မြို့နယ်တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက အသံချဲ့စက်ဖြင့်လိုက်လံ အသိပေးနှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက် လမ်းများတလျှောက်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများသဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အမြဲတမ်းအဆင်သင့်ဖြစ်ရန် ဇာတ်တိုက်လေ့ကျင့်မှုများ စဉ်ဆက်မပြတ်လေ့ကျင့်ခြင်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းစဉ်များနှင့်အညီ မိမိတို့ မြို့နယ်အတွင်းဖြစ်ပေါ်လာနိုင်သော မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ မြေပြင်အခြေအနေနှင့်ကိုက်ညီမှုရှိသော လုပ်ငန်းစီမံချက်များအား နှစ်စဉ်ရေး ဆွဲကာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများအား ကာကွယ် စောင့်ရှောက်လျက်ရှိကာ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ညောင်ဦးမြို့နယ်အတွင်း အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စုအင်အား (၃၅)ဦးဖြင့် ညောင်ဦးမြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်ကျရောက်လာပါက ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ပစ္စည်းများအား အချိန်နှင့်တပြေးညီ ထွက်ခွာတုံ့ပြန်ကူညီဆောင်ရွက်နိုင်ရန်နှင့် ဆုံးရှုံးမှုတန်ဖိုး နည်းနိုင်သမျှ နည်းစေနိုင်ရေးအတွက် ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားအား ဇန်နဝါရီ  ၂၈ရက်နေ့၊ နံနက် ၉နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့ ၊အမှတ် (၆)၊အောင်မြေသာရပ်ကွက် အတွင်းရှိ ဆောက်လုပ်ဆဲ RC  နှစ်ထပ်တိုက်အဆောက်အဦနှင့် လူနေအိမ်များတွင် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်အတွင်းရှိ ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံ အသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဈေးဆိုင်ခန်းများ စနစ်တကျပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် လမ်းညွှန်ချက်စာစောင်များ ဖြန့်ဝေခြင်းကို ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်(၁၀)နာရီ အချိန်မှ စတင် ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဆည်မြို့၊ဘောဂဝတီရပ်ကွက် မင်းရဲဆည်ဘောင်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပေစေရး အတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် မြို့တွင်းလမ်း/တံတားများ ပြုပြင် ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဘောဂဝတီရပ်ကွက် မင်းရဲဆည်ဘောင်လမ်းအား ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပန်းတနော်မြို့နယ်တွင် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက MAX စက်သုံးဆီ အရောင်းဆိုင်ရှေ့တွင် ဆောင်ရွက်ခဲ့သည်။

ရေကျော်ကျေးရွာ အ.ထ.က ကျောင်း၌ နိုငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ရေကျော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ဇန်နဝါရီ ၂၇ ရက် နံနက် ၁၁ နာရီက အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ကွင်းဆင်း ဆောင်ရွက်ပေးနေကြောင်းသိရသည်။
Subscribe to