နောင်တရားမြို့၌ သတင်းထုတ်ပြန်ချက်များအား လက်ကမ်းစာစောင်ဖြန့်ဝေ၍ အသိပညာပေး ဆောင်ရွက်

နောင်တရား ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများတွင် ပြည်သူများ ပူးပေါင်းပါဝင်ခြင်း မရှိစေရန်နှင့် နစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် နောင်တရားမြို့တွင်းတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေသည်။

လက်ကမ်းစာစောင်၌ ပါဝင်သည့် သတင်းထုတ်ပြန်ချက်မှာ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော CRPH, NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ် စေရန်ရည်ရွယ်ပြီး လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့်လှုံ့ဆော် ပြုလုပ်လျက်ရှိသည်။ ပြည်သူများအနေဖြင့် လှုံ့ဆောင်မှု၊ ဝါဒဖြန့်မှုများအပေါ် အသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ ထပ်ဆင့်မျှဝေခြင်း အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ လည်းကောင်း၊ ရာဇသက်ကြီး ပုဒ်မအရလည်းကောင်း၊ အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေအရလည်းကောင်း အရေးယူခံရနိုင်သည့်အတွက် ပြည်သူများနစ်နာမှု မဖြစ်ပေါ်စေရေးအတွက် သတင်းထုတ်ပြန်ချက်များ ကို နောင်တရားမြို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက စားသောက်ဆိုင်များ၊ ဈေးများ၊ ကုန်စုံဆိုင် များနှင့် ခရီးသွားပြည်သူများကို လက်ကမ်းစာစောင်ဖြန့်ဝေ၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်တရား(ပြန်ဆက်)