ရွှေကျင် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အ-ထ-က(ရွှေကျင်)ကျောင်း ပညာရတနာခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။
အခမ်းအနားတွင် အ-ထ-က (ရွှေကျင်)ကျောင်း အလယ်တန်းပြဆရာကြီး ဦးကျော်ဝင်း၊ အထက်တန်းပြဆရာမကြီး ဒေါ်ညွန့်ရီ၊ နဝမတန်းမှ ကျောင်းသူမဖြူစင်မျိုး တို့က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်းများကို ဟောပြောခဲ့သည်။ ဆက်လက်ပြီး ရွှေကျင်မြို့နယ် အတွင်းရှိ ကျောင်းပေါင်းစုံမှ KG ကျောင်းသား၊ ကျောင်းသူလေးများက အက၊ အလှများဖြင့် သရုပ်ပြ ဖျော်ဖြေပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး၊ ကျောင်းပေါင်းစုံမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်