သရက်ချောင်း ဇန်နဝါရီ ၂၈
အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူ ခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန် ယနေ့ နံနက် ၈နာရီခွဲအချိန်က ထားဝယ်-မြိတ်ကားလမ်း၊ ပန်းတော လမ်းဆုံတွင် ယာဉ်များရှောင်တခင်စစ်ဆေးခြင်းနှင့် အသိပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဦးဆောင်၍ သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ကာ ထားဝယ်-မြိတ် ကားလမ်းဖြတ်သန်း သွားလာသော မော်တော်ယာဉ်များအား ရှောင်တခင် စစ်ဆေးခြင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြည်သူများသို့ အသိပေးကြေညာချက်ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နန်းခလိုက်(သရခ)