သပိတ်ကျင်းမြို့တွင် ဖွင့်လှစ်ခဲ့သည် (၁/၂၀၂၂) အရန်မီးသတ်တပ်ဖွဲ့(မွမ်းမံ)သင်တန်းဆင်းပွဲကျင်းပ

သပိတ်ကျင်း ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ အမှတ်စဉ်(၁/၂၀၂၂) (မွမ်းမံ) သင်တန်း ဆင်းပွဲကို ယနေ့ ညနေ ၃ နာရီအချိန်က သပိတ်ကျင်းမြို့၊ ကဘဲ့ရပ် ကွက်၊ ကမ္ဘာအေးကွက်သစ် မြို့နယ်ခန်းမတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် သပိတ်ကျင်းမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ဦးနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့များနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပြီး မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးနိုင်ဦးမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းတွင် ပထမ၊ ဒုတိယ (စံပြ)ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။

အဆိုပါကို ဇန်နဝါရီလ (၃)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၅၀)ဦးအား မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ သင်တန်း(နည်းပြ)များမှ အခြေခံစစ်ရေးပြ၊ မီးသတ်ပညာ စာတွေ့ပို့ချခြင်း၊ စက်ကလေးသင်ခန်းစာ၊ ပိုက်လိပ်ဖြန့်ခြင်း၊ Air Lifiting Bag စာတွေ့ လက်တွေ့ သင်ကြားခြင်း၊ 3D Nozzle ဖြင့် လက်တွေ့ရေစိုလေ့ကျင့်မှုများ၊ အသက်ကယ်ကြိုးချည်နည်းများ၊ ကြိုးဆင်းနည်းများအား လေ့ကျင့်ပို့ချခဲ့ပြီး သဘာဝဘေးအန္တရာယ်များအပါအဝင် အခြားသော အန္တရာယ်များ ဖြစ်ပွားလာပါက မြို့နယ်အတွင်းရှိ တပ်ဖွဲ့ဝင်များမှ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန် သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ်မီးသတ် ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

စိုးနိုင်ဝင်း (သပိတ်ကျင်း)