သာကေတမြို့နယ်၌ အများပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ချက်များအား အသိပေးနှိုးဆော်

ရန်ကုန် ဇန်နဝါရီ ၂၈

သာကေတမြို့နယ် ၁၉ ရပ်ကွက်အတွင်းရှိ ပြည်သူများအား အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH NUG နှင့်ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး (၁.၂.၂၀၂၂) ရက်နေ့ ၁၀:၀၀နာရီမှ ၁၆:၀၀နာရီအချိန်ထိ မည်သူမျှ နေအိမ်ပြင်ပထွက်၍ သွားလာလှုပ်ရှားခြင်း၊ လုပ်ငန်းလုပ်ဆောင်ခြင်းများ မပြုဘဲ silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန်နှင့် ၎င်းနေ့ ၁၆:၀၀ နာရီအချိန်တွင် သပိတ်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း စသည်ဖြင့် အသံထွက်သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါ လုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းပြုမိပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်သဖြင့် ထိုသို့လိုက်ပါ ပြုလုပ်ခြင်းမပြုကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများမှ ညစဉ်လိုက်လံ နှိုးဆော်ကြေညာကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်ဆက်)