ရေးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေး နွေးပွဲ (Talk Show) ပြုလုပ်

ရေး ဒီဇင်ဘာ ၂၈

မွန်ပြည်နယ် ရေးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၁၀:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်ဦးက ကလေးအလုပ်သမားများနှင့်သက်ဆိုင်သည့် ဥပဒေအကြောင်းအရာများနှင့် လူမှုဝန်ထမ်းဦးစီး ဌာနက ကလေးအလုပ်သမားများအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့် ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် အလုပ်ရုံ၊ အလုပ်သမား ဥပဒေစိစစ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယုနန္ဒာက ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းချက်၊ ကလေး အလုပ်သမား၏ သတ်မှတ်အသက်အပိုင်းအခြား၊ ကလေးအလုပ်သမားများ၏ ၁ ရက် အလုပ် ချိန်နှင့် လုပ်အားခသတ်မှတ်ထားမှုများ၊ ကလေးအလုပ်သများ၏ ဖြစ်ပေါ်လာမယ့် နောက်ဆက် တွဲပြသာနာများ၊ အလုပ်ရှင်များနှင့် ဖြစ်ပွားတတ်သည့် ပြသာနာများနှင့် အခက်အခဲများ၊ ကလေး အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့်ကာကွယ်ပေးရမည့် ဥပဒေများအကြောင်းကို ဆွေးနွေး ပြောကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်ရည်သည် မိမိတို့ မြို့ရွာများအတွင်း ကလေးအလုပ်သမားများ၏ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများနှင့် ဥပဒေများကို သိရှိနားလည်စေရန်နှင့် မိမိမြို့ရွာအတွင်း ကလေးအလုပ် သမားပပျောက်စေရေးတို့အတွက် အခုလိုအသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို ပြုလုပ်ပြီး Online မှ ထုတ်လွှင့်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဒေါ်ခင်သိမ့်သိမ့်ရည်၊ ပြန်/ဆက်