မလှိုင် ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ကြေငြာချက်အား ပြည်သူများသိရှိလိုက်နာစေရန် အသံချဲ့ စက်ဖြင့်အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့က မြို့ပေါ် ရပ်ကွက်များနှင့် လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြေငြာချက်တွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသည့် CRPH ၊ NUG နှင့် ၎င်းတို့နှင့် ဆက်စပ်နေသောအဖွဲ့အစည်းများက facebook account များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုကြောက်ရွံ့မှု ဖြစ်ပေါ်စေရန်ရည်ရွယ်ပြီးအသံတိတ် သပိတ်ပြု လုပ်ရန်၊ လက်ခုပ်တီးခြင်း၊ သံပုံတီးခြင်း၊ ကားဟွန်းတီး ခြင်းများစသည်ဖြင့် အသံထွက် သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ယက်၌ ပျံ့နှံ့နေသည်ကိုတွေ့ရှိရပါသည်။ ပြည်သူများ အနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများ အပေါ်မသိနားမ လည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ၊ အများပြည်သူ အနှောက်ယှက်ဖြစ်စေမည့်ပြုလုပ်မှုများပြုလုပ်ခြင်း၊လှုံ့ဆော် ဝါဒဖြန့်မှုများကိုထပ်ဆင့်မျှ ဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင်အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နှင့် ပုဒ်မ၅၀၅(က)၊အီလက်ထောနစ်ဆက်သွယ်ရေး ဆောင်ရွက်မှု ပုဒ်မ ၃၃(က)နှင့်တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။ ထို့အပြင်ပြစ်မှုနှင့် သက်ဆိုင်သည့် ရွေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်းနိုင်သောပစ္စည်းများကိုအကြမ်ဖက်မှုတိုက် ဖျက်ရေးဥပဒေအရ သိမ်း ဆည်းခံရနိုင်ပြီး၊ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင် သည်တို့ ပါဝင်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့်အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၏ လှုံ့ဆော်ဝါဒဖြန့်မှုများ အပေါ်လိုက်ပါပြုလုပ် ခြင်းမပြုကြရန်နှင့်ပြုလုပ်ပါက ဥပဒေအရ အရေးယူ ခံရနိုင်ကြောင်းကို အသိပေးထုတ်ပြန်ကြေငြာထားကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)