ဟိုပန်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

ဟိုပန် ဇန်နဝါရီ ၂၈

၂၀၂၂ ခုနှစ်၊  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီက"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

​ရှေးဉီးစွာ ဖွင့်ပွဲ အခမ်းအနားတွင်  “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ဘောလုံးအသင်းများမှ အားကစားအဓိဌာန်ရွတ်ဆိုခဲ့ကြပြီး  ဥက္ကဌ ဦးညီနပ် က "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအတွင်းရှိဒေသများတွင် ဘောလုံးအဆင့်အတန်းတိုးတက်မြှင့်မားစေ​ရေး ၊ လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ် အချင်းချင်းချစ်ခင် စည်းလုံးညီညွှတ်မှု ရရှိကာ ကျန်းမာပြီး ကြံ့ခိုင်သော လူငယ်များအဖြစ် ရှမ်းပြည်နယ် ၏ အားကစားကဏ္ဍတိုးတက်လာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်တို့ကို ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။


 

ဆက်လက်၍  ဥက္ကဋ္ဌနှင့် တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် အားကစားအသင်းများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ ဥက္ကဋ္ဌက ပြိုင်ပွဲ စတင်နိုင်ရန်အတွက် ဘောလုံးကွင်းအတွင်းသို့  ဘောလုံးကန်၍ ဖွင့်လှစ်ပေးခဲ့ပြီး အုပ်စု-A မှ ယူ- ၂၁  အသင်း နှင့် နယူးလိုက် အသင်းတို့က စတင်ယှဉ်ပြိုင်ကစားခဲ့ကြသသည်။



 အဆိုပါ ဘောလုံးပြိုင်ပွဲကို ဟိုပန်မြို့နယ်၊ ကွမ်းလုံမြို့နယ် ၊ လောက်ကိုင်မြို့နယ်နှင့် ချင်းရွှေဟော်မြို့တို့မှ ဘောလုံးအသင်း(၂၁)သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။ 


 

ဇင်ဇင်(ပြန်/ဆက်)