ဒဂုံတောင် ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၅)နှစ် မြောက် ပြည်ထောင်စုနေ့ စိန်ရတုအထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် ပထမဆုရရှိသူများအား မြို့နယ်အဆင့်ရွေးချယ်ရန် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ယှဉ်ပြိုင်ရာတွင် သတ်မှတ်ထားသော ခေါင်းစဉ် (၁၀)ခုဖြင့် ကလေးငယ်များအား မဲနှိုက်၍ ကျသင့်ရာ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။
ယခုလိုပြိုင်ပွဲများကိုယ် ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြင့် ကလေးငယ်များအနေဖြင့် နိုင်ငံ၏ အထိမ်းအမှတ် နေ့များကိုယ် သတိတရ ရှိစေမည်ဖြစ်ပြီး ထိုကလေးငယ်များမှ တစ်ဆင့် အခြား သော ကလေးငယ်များထံသို့ အသိပညာဗဟုသုတ ပြန်လည်မျှဝေနိုင်စေရန် ရည်ရွယ်၍ ယခုလို ပါဝင်ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက်မှာတော့ မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲများကို ဆက်လက်ကျင်းပ ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်း ရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)