ဟိုပန် ဇန်နဝါရီလ ၂၉
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များ ပုံမှန်ဆက်လက်ဖွင့်လှစ်ရောင်းချရေးအတွက် လိုက်လံအသိပေးခြင်းကို ပူးပေါင်းအဖွဲ့မှ ယနေ့နံနက်၁၁နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
ယင်းသို့ အသိပေးဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော စတိုးဆိုင်များ၊ ကုန်စုံဆိုင်၊ ဆေးဆိုင်နှင့် စားသောက်ဆိုင်များအနေဖြင့် မိမိတို့ဖွင့်နေကျအတိုင်း စိတ်အေးချမ်းစွာဖြင့် ပုံမှန်ဖွင့်လှစ်သွားရေးသိရှိလိုက်နာ ဆောင်ရွက် သွားရန် ခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်စိုးတင့်ဦးဆောင်၍ ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အမှုဆောင် အရာရှိဦးနိုင်မျိုးဦးတို့က လိုက်လံအသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)