ရေးမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန၌ က​လေးအလုပ်သမားပ​ပျောက်​ရေးအသိပညာ​ပေး​ဆွေး​​နွေးပွဲ (Talk Show) ပြုလုပ်

ရေး ဇန်နဝါရီ ၂၉

မွန်ပြည်နယ် ​ရေးမြို့နယ်တွင် က​လေးအလုပ်သမားပ​ပျောက်​ရေး အသိပညာ​ပေး​​​ဆွေးနွေးပွဲကို မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန၌ ယ​နေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာ​ပေးဆွေး​နွေးပွဲတွင် လူမှုဝန်ထမ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦး​ကျော်​ကျော်ဦးက က​လေးအလုပ်သမားများနှင့် သက်ဆိုင်သည့် ဥပ​ဒေအ​ကြောင်းအရာများနှင့် လူမှုဝန်ထမ်ဦးစီးဌာနက က​လေးအလုပ်သမားများအတွက် ​ဆောင်ရွက်​ပေးလျက်ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်း​ဆွေး​နွေး​ပြောကြားခဲ့ပြီး​နောက် အလုပ်ရုံ၊ အလုပ်သမားဥပ​ဒေစိစစ်​ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ​ဒေါ်ယုနန္ဒာက က​လေးအလုပ်သမား၏ အဓိပ္ပါယ် ဖွင့်ဆိုရှင်းလင်းချက်၊ က​လေးအလုပ်သမား၏ သတ်မှတ်အသက်အပိုင်းအခြား၊ က​လေးအလုပ်သမားများ၏ တစ်ရက်အလုပ်ချိန်နှင့် လုပ်အားခသတ်မှတ်​ထားမှုများ၊ က​လေး အလုပ်သမားများဖြစ်​ပေါ်လာမည့်နောက်ဆက်တွဲပြသာနာများ၊ အလုပ်ရှင်များနှင့် ဖြစ်ပွားတတ်သည့်ပြသာနာများနှင့် အခက်အခဲများ၊ က​လေးအလုပ်သမားများ၏ ရပိုင်ခွင့်များနှင့် ကာကွယ်​ပေးရမည့် ဥပ​ဒေများအ​ကြောင်းကို ​ဆွေး​နွေး​ပြောကြားခဲ့ကြသည်။

ထို့​နောက် မြို့နယ်ပြန်ကြား​​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေဦးစီးဌာန မြို့နယ်ဦးစီးမှူး ​ဒေါ်ခင်သိမ့်သိမ့်ရည်သည် မိမိတို့မြို့ရွာများအတွင်း က​လေးအလုပ်သမားများ၏ ရပိုင်ခွင့်ရှိသည့် အခွင့်အ​ရေးများနှင့် ဥပ​ဒေများကို သိရှိနားလည်​စေရန်နှင့် မိမိမြို့ရွာအတွင်းက​လေး အလုပ်သမားပ​ပျောက်စေ​ရေးတို့အတွက် အခုလိုအသိပညာ​ပေး​ဆွေး​နွေးပွဲ (Talk Show) များကိုပြုလုပ်ပြီး Online မှ ထုတ်လွှင့်​ပေးလျက်ရှိ​ကြောင်း ​ပြောကြားခဲ့သည်။

​ဒေါ်ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)