ဒေါပုံမြို့နယ်အ.ထ.က(၁)ကျောင်းတွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကျပန်း၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ ပြိုင်ပွဲကျင်းပ

 ဒေါပုံ ဇန်နဝါရီလ ၂၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းတည့် ၁၂နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကျပန်း၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူများ၏ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်စေရန်၊ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ခင်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဌေးမူထံမှ သိရသည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး ခေါင်းစဉ်ဖြင့်" အမျိုးသားညီညွှတ်မှသည် စိန်ရတုဆီသို့"၊ကဗျာခေါင်းစဉ်အဖြစ် "အသီးတစ်ရာအညှာတစ်ခု တို့ပြည်ထောင်စု"၊ပန်းချီခေါင်းစဉ်အဖြစ် "ပြည်ထောင်စုတိုင်းရင်းသားများပျော်စရာ တို့မြန်မာ "၊ကျပန်းခေါင်းစဉ်အဖြစ် "ပြည်ထောင်စုနေ့တို့မမေ့"၊"တည်ထောင်ပေါင်းစု ပြည်ထောင်စု"၊"စည်းလုံးညီညီအောင်ပွဲဆီ" စသည့်ခေါင်းစဉ်တို့ဖြင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း( ၂၄) ပါ၀င်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)