ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်း ဆင်းပွဲကျင်းပ

ဒဂုံအရှေ့  ဇန်နဝါရီ  ၂၉

အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး( မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်( ၉) နာရီက  မြို့နယ်မီးသတ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကာလမှာ (၃.၁.၂၀၂၂)ရက်နေ့မှ (၂၈.၁.၂၀၂၂)ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၅၀ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ( ပြန်/ဆက်)