ဒဂုံအရှေ့ ဇန်နဝါရီ ၂၈
ပြည်ထောင်စုနေ့အကြောင်း ဗဟုသုတများသိရှိနားလည်ပြီး ဉာဏ်ရည်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများဖြစ်ပေါ်လာစေရန်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူချွန်လူကောင်းများ ဖြစ်ပေါ်လာစေရန် အသိပညာဗဟုသုတများ ကြွယ်ဝတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက(၉)နာရီက အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာ၊ ပန်းချီ၊ ကျပန်း စကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါမြို့နယ်အဆင့်ပြိုင်ပွဲကို အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းတွင် ဦးစီး ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်(၆)ဦး၊ ဆောင်းပါး(၂)ဦး၊ကဗျာပြိုင်ပွဲဝင်သူ(၇)ဦး၊ ပန်းချီပြိုင်ပွဲဝင်သူ(၅)ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် (၁၂)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၃၂)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ( ပြန်/ဆက်)