ရမ်းဗြဲမြို့နယ်၌ အစိုးရ၏သတင်းထုတ်ပြန်ချက်များကို ပြည်သူများသိရှိနိုင်စေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ရမ်းဗြဲ  ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ အကြမ်းဖက်အဖွဲ့အအစည်းများ၏ နိုင်ငံတော်တည်ငြိမ်အေးချမ်း‌ရေးကို

ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ဝါဒဖြန့်မှုများတွင် ရမ်းဗြဲမြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရအ‌ရေးယူခံရနိုင်သဖြင့် ပါဝင်ပတ်သက်ခြင်းမရှိစေရန်နှင့် အစိုးရ၏ သတင်းထုတ်ပြန်ချက်များကိုပြည်သူများ  ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက်  အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ 

အဆိုပါပူးပေါင်းအဖွဲ့သည် အစိုးရ၏သတင်းထုတ်ပြန်ချက်အသိပညာပေးလက်ကမ်းစာစောင်များကို ရမ္မာ

ဝတီမြို့မဈေး၊ ရမ္မာဝတီအဝေးပြေးကားဝင်းနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိလူစည်ကားရာ လမ်းဆုံ လမ်းခွနေရာများသို့ သွားရောက်ပြီး ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

အောင်နိုင်