သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

သင်္ဃန်းကျွန်း  ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့၊ နံနက် ()နာရီမှ ညနေ ()နာရီအထိ  လေးဒေါင့်ကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၌ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊

မြို့ဦးစီးမှူး ရုံးမှ လဝကမှူး ဉီးရဲထွန်း၊ ဒုလဝကမှူး ဒေါ်မော်မော်ဝင်းနှင့် ဝန်ထမ်းများက တိုင်းရင်းသားတိုင်း နိုင်ငံသား ဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများရရှိ ရေးအတွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ (က) ၁၀ဦး၊ (က) ၂၅ ဉီး စုစုပေါင်း (၃၅)ဦးအားဆောင် ရွက်ပေး ခဲ့ကြောင်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အိမ်ထောင်စု များမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက် ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက် ပေးခြင်းတို့ကိုနေ့စဉ် အခမဲ့ပြုလုပ်ပေး လျက်ရှိပြီးမြို့နယ် လဝကဦးစီးမှူးရုံး တွင်လည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး