ကျိန္တလီမြို့တွင် အများပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်ချက်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကျိန္တလီ ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အများပြည်သူများ သိစေရန် သတင်းထုတ်ပြန်ချက် အသိပညာပေး          လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ဇန်နဝါရီ ၂၉ ရက်နေ့ နံနက်(၇)နာရီအချိန်က ကျိန္တလီမြို့မဈေးနှင့် လမ်းဆုံလမ်းခွနေရာများသို့သွားရောက်၍ အသိပညာပေးလက်ကမ်းစာစောင်များ ကို ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်အသိပညာပေးလက်ကမ်းစာစောင်တွင် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH , NUG နှင့် ယင်းတို့လက်အောက်ခံ အဖွဲ့အစည်းများ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော်တည်ငြိမ်ရေးကိုပျက်ပြားစေ ရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike(အသံတိတ်သပိတ်) ပြုလုပ်ရန် လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများစသည့်ဖြင့်အသံထွက် သပိတ်ပြုလုပ်ရန် လှုံ့ဆော်မှုများ လူမှုကွန်ယက်များ၌ ပျံ့နှံ့နေသည်ကိုတွေ့ရှိရပါသည် ယင်းသို့ လှုံ့ဆော် မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများ ပြည်သူသိရှိနိုင်ရန် သတင်းထုတ်ပြန်ထားကြောင်းနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၊ ရာဇသတ် ကြီးဥပဒေ ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၁၄၄အရ အမိန့်ထုတ်ပြန်ခြင်းစည့်သတင်းထုတ်ပြန်ချက်များပါဝင်ကြောင်းသိရသည်။

ဆက်လက်၍ အများပြည်သူများသိစေရန် သတင်းထုတ်ပြန်ချက် အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေရာတွင် ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ခိုင်မိုးမင်း(ပြန်/ဆက်)