ဝါးခယ်မမြို့နယ်‌အောက်ဝဲကျေးရွာအုပ်စုတွင်ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ  ဇန်နဝါရီ ၂၉

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်(၈)နာရီက အောက်ဝဲသာကျေးရွာအုပ်စုရှိပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦး‌ကျော်စိုး၏ ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များ ခွဲကာ‌    အောက်ဝဲကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်အသက်(၁၀)နှစ်ပြည့် (၅ရ)ဦး၊ အသက် (၁၈)နှစ်ပြည့် (၂၈) ဦး၊လဲလှယ်(၇)ဦး၊ စုစုပေါင်း (၉၂)ဦးနှင့် ပြောင်းရွေ့အိမ်ထောင်စု (၁၀၅)စုအားဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)