မကွေး ဇန်နဝါရီ ၂၉
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ မကွေးပညာရေးဒီဂရီကောလိပ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါး ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးပညာရေးဒီဂရီကောလိပ်၊ အောင်ဆန်း စာသင်ဆောင်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲတွင် မကွေးပညာရေး ဒီဂရီကောလိပ်ရှိ သင်တန်းသား/သူ ဆရာ/ဆရာမ (၁၆)ဦးခန့် ပါဝင်ယှဉ်ပြိုင်ကြပြီး မကွေးပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးနှင့် ဆရာ/ဆရာမများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဇန်နဝါရီလ ၃၀ရက်နေ့တွင် ဆုများပေးအပ် ချီးမြှင့် သွားမည်ဖြစ်ပြီး ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကိုလည်း မကွေးပညာရေးဒီဂရီ ကောလိပ် ပညာဗိမ္မာန်ခန်းမတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)