ပုလော ဒီဇင်ဘာလ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်/ကျေးရွာအသီးသီးသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီ ပုလောမြို့နယ် ရှပ်ပုံကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပုလောမြို့နယ် လဝကဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဦးက ပန်းခင်းစီမံချက်ဆိုင်ရာအကြောင်း အသိပညာပေးဆွေးနွေး၍ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပြီး၊ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၆)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က)(၃၅) ဦး၊ လဲလှယ်(၆၈)ဦး၊ မိတ္တူ(၇၄)ဦး၊ စုစုပေါင်း(၁၈၃)ဦးအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)