ပုလော ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်က ပုလောမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ပြည်ထောင်စုအစ ပင်လုံက ၊ ကဗျာပြိုင်ပွဲတွင် စုပေါင်းစွမ်းအား ပြည်ထွန်းကား၊ ကျပန်းစကားပြောပြိုင်ပွဲတွင် စည်းလုံးညီညာ ပြည်မြန်မာ၊ စည်းလုံးညီညာ အောင်ကြောင်းဖြာ၊ စည်းလုံးညီညာ ပြည်သာယာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံဖော် ပန်းချီဆွဲ ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ရာ ပုလောမြို့နယ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူ (၃၁) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အေးအေးမော်