ကျောက်ဖြူ ဇန်နဝါရီ ၂၉
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို ပညာရေး ဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ရှိ ပညာ တန်ဆောင်ခန်းမတွင် ယနေ့နံနက် ၉ နာရီက စတင်ကျင်းပလျက်ရှိရာ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT)တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများမှ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
ထိုသို့ ကျင်းပပြုလုပ်လျက်ရှိရာ လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာ သင်တန်း (PPTT) တက်ရောက်နေကြသည့် ဆရာ၊ဆရာမများထဲမှ စာစီစာကုံးပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင် ဆရာ၊ဆရာမ ၁၄ ဦးတို့မှ “ဘိုးဘွားပေးဝေ ချစ်အမွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဆရာ၊ဆရာမ ၁၆ ဦးတို့မှ “ပြည်ထောင်စုသန္ဓေ လွတ်လပ်ရေးအမွေ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆောင်းပါး ပြိုင်ပွဲအားဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဆရာ၊ဆရာမ ၇ ဦးတို့မှ “ပြည်ထောင်စုအ မွေ လွတ်လပ်ရေးအဓွန့်ရှည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး တာဝန် ကျဆရာ၊ဆရာမများက အနီကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။ အလားတူ ဇန်နဝါရီ ၃၀ ရက်နေ့တွင်လည်း ကျပန်းစကားပြောပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲအား ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ဆုရရှိသူများကို ပြည်ထောင်စုနေ့အကြို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) တက်ရောက်နေကြသည့် ဆရာ၊ ဆရာမ ၄၂၆ ဦးရှိကာ ၎င်းတို့အား ၂၀၂၁ ခုနှစ်၊ ဒီဇင် ဘာလ ၁၅ ရက်နေ့မှစတင်ကာ အဆိုပါသင်တန်းအား ဖွင့်လှစ် ပြသလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း