မြဝတီမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြဝတီ ဇန်နဝါရီ ၂၉

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကိုယနေ့နံနက်၇နာရီကပြုလုပ်ကြောင်းသိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား  မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် နှင့်အဖွဲ့ဝင်များ၊ မြဝတီမြို့ ရှေ့တန်းတပ်ရင်းမှူး၊  အမှတ်(အမှတ်၂၇၅) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး  ဗိုလ်မှူး စိုင်းဇော်မိုးထွန်း၊  ​ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းဇော် နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးအား ​မြဝတီမြို့၊ ရှေ့တန်းတပ်ရင်း အမှတ်(၂၇၅) ခြေလျင်တပ်ရင်းမှ အရာရှိ စစ်သည်များ၊ ​တပ်နယ်(၂)အမှတ် (၁၀၁၅)နယ်​ခြားစောင့်တပ်မှ ဗိုလ်ကြီး စောကလိုထူး ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊  ခရိုင်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ နှင့် ဝန်ထမ်းများ၊   မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး ဦးဆောင်သော စည်ပင်သာယာရေး ဝန်ထမ်းများ၊ ကုန်တင်ကုန်ချဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် အသင်းအဖွဲ့များက မြဝတီခရိုင်ပြည်သူ့ဆေးရုံဝန်း အတွင်း အမှိုက်များ ရှင်းလင်းခြင်းနှင့် မီးရှို့ခြင်း၊  ခြုံနွယ်များ ရှင်းလင်း​ခြင်း နှင့် ရေမြောင်းများ ဆယ်ယူခြင်း တို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိန်လင်းအောင