တောင်ငူပညာရေးဒီဂရီကောလိပ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး ၊ ကဗျာ နှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

တောင်ငူ ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းက ဆရာအတတ်ပညာဦးစီးဌာန အောက်ရှိ တောင်ငူပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌  (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲသို့ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (/၂၀၂၀)သင်တန်းမှ    သင်တန်းသား သင်တန်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး စာစီစာကုံး ပြိုင်ပွဲတွင် (၁၄) ဦး ကဗျာပြိုင်ပွဲတွင် (၁၇) ဦး နှင့် ဆောင်းပါးပြိုင်ပွဲတွင် () ဦး  စုစုပေါင်း (၃၈) ဦးပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲပြုလုပ်ရခြင်းဖြင့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များကို ပိုမိုသိရှိနားလည်စေရန် သင်တန်းသား သင်တန်းသူများ မြန်မာစာနှင့်ပတ်သက်၍  အနာအကြား အပြောအဆို အရေးအသား စသည့်စွမ်းရည်များရရှိစေရန် နှင့် မိမိတို့ တပည့်များအတွက် အမွေကောင်းများ လက်ဆင့်ကမ်းမျှဝေနိုင်ရန် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)