မဘိမ်း ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ သတင်း ထုတ်ပြန်ချက် များအား ဈေးဆိုင်များ၊ အိမ်ဆိုင်များနှင့် အများပြည်သူများ သိရှိလိုက်နာကြစေရန် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မဘိမ်းမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဈေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့သို့ အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့မဈေးရှိဈေးဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ၊ စတိုးဆိုင်များနှင့် ဆေးဆိုင်များရှိ လုပ်ငန်းရှင်များအား သတင်းထုတ်ပြန်ချက်များအပေါ် သိရှိလိုက်နာကြစေရန် သတင်း ထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)