ရွှေဘို ဇန်နဝါရီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ မြို့မစည်ပင်သာယာရေး၊ ကုန်းဘောင်စျေးနှင့် အောင်ဇေယျစျေးတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ စားဆီတစ်ပိဿာ ငွေကျပ် ၄၆၀၀ကျပ် စျေးဖြင့် ရောင်းချပေးလျက်ရှိသည်။
ရွှေဘိုမြို့နယ်တွင် အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားဆီရောင်းဝယ်ရေး မော်တော်ယာဉ်ဖြင့် သတ်မှတ်အရေအတွက်ကို ရောင်းချပေးသွားမည်ဖြစ်သည်။ သတ်မှတ်အရေအတွက် ကုန်းဆုံးသည်အထိရောင်းချပေးသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
အဆိုပါ စားဆီများ ဈေးနှုန်သက်သာစွာရောင်းချမှုကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)