သရက်ချောင်းမြို့နယ် သရက်နှစ်ခွကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

သရက်ချောင်း  ဇန်နဝါရီ ၃၀

လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့်  ဆောင်ပုဒ်နှင့် အညီ နိုင်ငံသားတိုင်း ဥပဒေအရ ကိုင်ဆောင်သင့်သည့်  လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရုံးမှ လဝကမှူး ဦးအေးလွင်နှင့် ဝန်ထမ်းများက ယနေ့ နံနက် ၈ နာရီခွဲ အချိန်က သရက်နှစ်ခွကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ် လဝကမှူး ဦးသက်လွင်နှင့် ဝန်ထမ်း များက ကျေးလက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အသက်(၁၀)နှစ်ပြည့် (၃၉)ဦး၊ အသက်(၁၈)နှစ်ပြည့်(၁)ဦး၊ အသက်(၁၈)နှစ်ပြည့် လဲလှယ် ပေးခြင်း(၁၁)ဦး စုစုပေါင်း (၅၁)ဦးနှင့် အိမ်ထောင်စု မိတ္တူ(၇)စောင်တို့အား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ(၃)ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

နန်းခလိုက်(သရခ)