ကျောက်ကြီးမြို့၌ သောက်သုံးရေ အခက်အခဲဖြစ်နေသော ရပ်ကွက်အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေကန်လှူဒါန်း

ကျောက်ကြီး ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် အပိုင်း(၁)တွင် နေထိုင်သော ဒေသခံပြည်သူ့များ သောက်သုံးရေအခက်အခဲကို နှစ်စဉ်ဖြစ်ပေါ်နေသည့်အတွက်  အမျိုးသားသဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားမှုဖြင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ငွေကျပ်သိန်း(၃၀) ကျော် ရေကန်ကို ယနေ့ နေ့လယ် ၁၂ နာရီ အချိန်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သိမ်တန်းရပ်ကွက် အပိုင်း(၁)တွင် နေထိုင်သော ဒေသခံပြည်သူ့များသည် နွေရာသီရောက်တိုင်း နှစ်စဉ်သောက်သုံးရေးအခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဘတ်ဂျက်ဖြင့် ရေဂါလံ(၂၄၀၀)ဆံ့ ရေကန် တင်ရှိရန် အလျား (၉)ပေ၊ အနံ(၉)ပေ၊ အမြင့်(၆) လက်မ တန်ဖိုးငွေ(၃၇၉၅၀၀) ကျပ် တည်ဆောက်ပေးပြီး အလျား (၈)ပေ၊ အနံ(၈)ပေ၊ အမြင့်(၆)ပေရှိ ဖိုက်ဘာရေကန် ကာလ တန်းဖိုး(၃၂)သိန်းခန့်အား လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖိုက်ဘာရေကန်အား နေ့ချင်းပြီး တည်ဆောက်အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပြီးစီးပါက သိမ်တန်းရပ်ကွက် အပိုင်း(၁)တွင် နေထိုင်သော ဒေသခံပြည်သူ့ အိမ်ခြေအိမ်ထောင်စု (၉၃)စု၊ လူဦးရေ(၄၆၄)ဦးနှင့် အခြေခံပညာ မူလတန်းလွန် စာသင်ကျောင်း တစ်ကျောင်းပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်