သင်္ဃန်းကျွန်း ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှူးရုံး၌ ယမန်နေ့ နံနက်(၁၀)နာရီတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်း အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ဆောင်းပါး၊ ကျပန်းစကားပြောပြိုင်ပွဲများကို မြို့နယ်အဆင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၇)ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၇) ဦး၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၇)ဦး၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၇)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၇)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၃၅)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင်ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာဦးစီးဌာနမှ ဦးစီးကျင်းပပြုလုပ်သော ခရိုင်အဆင့်၊ တိုင်းအဆင့်ပြိုင်ပွဲများသို့ အဆင့်ဆင့်ဆက်လက် ရွေးချယ် ဝင်ရောက်ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အဆင့်ပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်နေ့၊ အ.ထ.က( သုဝဏ္ဏ )ကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စန္ဒာမိုး(ပြန်/ဆက်)